အမျိုးသားများတွင် သွားဖုံးရောဂါကြောင့် ပန်းသေပန်းညှိုးဖြစ်နိုင်
24-Feb-2017
သွားဖုံးရောဂါကို ဆိုးရွားစွာခံစားနေရတဲ့ အမျိုးသားတွေဟာ ပန်းသေ ပန်းညှိုးဝေဒနာ ခံစားရနိုင်ကြောင်း လိင်ပညာပေးဆေးပညာဂျာနယ်မှာ ဖော်ပြ ထားပါတယ်။ တက္ကသိုလ်မှ သုတေသီတွေက အသက် ၃၀ မှ ၄၀ ကြား အမျိုးသားတွေ ကို လေ့လာခဲ့ပြီး သုတေသန ပြုလုပ်ရာမှာ ပန်းသေပန်းညှိုးရောဂါဖြစ်သူ ၅၃ ရာခိုင်နှုန်းဟာ သွားဖုံးရောဂါ ခံစားနေရကြောင်း တွေ့ရှိခဲ့ပါတယ်။
သွားဖုံးထဲမှာ ဘက်တီးရီးယားပိုးတွေဟာ သွေးထဲမှတစ်ဆင့် သွေးကြောတွေထဲကို ရောက်ရှိသွားပြီးသွေးကြောနဲ့ သွေးလွှတ်ကြောတွေကို မာကျောမှုဖြစ်စေတယ်လို့ သိပ္ပံပညာရှင်တွေက ရှင်းပြပါတယ်။ လိင်အင်္ဂါအတွင်း သွေးကြောတွေ မာကျောမှုဖြစ်သွားတာကြောင့် ပန်းသေပန်းညှိုးဖြစ်သွားတယ်လို့ ဆိုပါတယ်။ ယခင်ကပြုလုပ်တဲ့ လေ့လာမှုအရလည်း သွားဖုံးရောဂါကြောင့် နှလုံးရောဂါကို ဖြစ်ပွားစေနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ အသက်ကြီးတာ၊ ဆေးလိပ်သောက်တာ၊ ဆီးချိုရောဂါရှိတာနဲ့ နှလုံးသွေးကြောရောဂါတွေ ဟာလည်း ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေများစေတဲ့ အချက်အလက်တွေလို့ သုတေသီတွေ က ဆိုပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Arogyam magazine, No.253, August 2013,Pg.152
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
